ခရီးသည် ဘလော့မှ မည်သည့်အကြောင်းရာများကိုပိုစိတ်ဝင်စားကြပါသလဲခင်ဗျ ကွန်မန်းနှင့် C Box တွင် စာချန်ပေးနိုင်ပါတယ် ကွန်မန်းတစ်ခုဟာ စာရေးသူအတွက် ပို့စ် ဆက်ရေဖို့ အားတစ်ခုပါပဲဗျာ..

Tuesday, 15 May 2012

ဝန်ထမ်းများထောက်ပံ့ငွေမရရှိကြောင်း တင်ပြချက်

သို့
ဦးရဲထွဋ်
ညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
နေပြည်တော်

အကြောင်းအရာ။ 2012 ခုနှစ်၊ သင်္ကြန်သက်သာထောက်ပံ့ငွေမရရှိကြောင်းတင်ပြခြင်း။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းသည် ရှမ်းပြည်နယ်တစ်ခုလုံးရှိဝန်ထမ်းများအားရုံးချုပ်နှင့်ဝန်ကြီးမှ ထောက်ပံ့ပေးသော သင်္ကြန်ထောက်ပံ့ကြေးငွေများကို ယနေ့ထိ မြို့နယ်များအားလုံးကိုထုတ်ပေးထားခြင်းမရှိဘဲလက်မှတ်များကို အတင်း အဓမ္မ ထိုးပြီးရုံးချုပ်သို့ ပေးပို့လျှက်ရှိကြောင်း အထက်ဌာနအကြီးအကဲမှ ထောက်ပံ့ပေးသောငွေကျပ် (၂၀၀၀)ကျပ်နှင့်(၁၀၀၀)ကျပ်တို့သည် တန်ဖိုးမရှိသော်လည်း ၀န်ကြီးမှ ထောက်ပံ့ပေးသောငွေဖြစ်သောကြောင့် လိုချင်သည့် ဆန္ဒ ရှိပါသည်။ အထက်ကိုဖား အောက်ကိုဖိနေသောစနစ်မှာ ယနေ့အထိ ပြန်/ဆက် ရုံးတွင်ရှိနေပါသေးသလားဆိုတာ သက်သေပြနေပါတယ်။ ပြည်သူ့ဆက်ဆံရေးအရာရှိ မပီသသော အရာရှိကို လူကြီးမင်းတို့မှ ဒီအတိုင်းဘဲကြည့်နေမှာလား အမြန်ဆုံး အရေးယူပေးသင့်ကြောင်း တင်ပြအပ်ပါသည်။

Monday, 14 May 2012

သူမသိလို့ပါ

 
နားလည်ပါတယ် ဒါပေမဲ့ ငါနာကျင်တယ် အဆိပ်သင့်နာကျင်မှုတွေနဲ့ ငါ့လျှောက်မဲ့လမ်းကို ငါကိုယ်တိုင်ခင်းခဲ့မိတာလား ငါမှားပါတယ် နောက်ထပ် ငါမရှိတော့ပါဘူး ခံနိုင်စွမ်းမရှိတော့လို့ပါ။ ဘာမှမရှိတော့အောင် တစ်ယောက်တည်းရွေးချယ်ပြီးတဲ့နောက် နာကျင်မှုတွေနဲ့ငါ အိပ်မက်ဆိုးတွေမက်နေရပါလား မင်းမသိလို့လား မင်းအတ္တနဲ့ ပြုမှုနေခြင်းက ငါနေ့စဉ် ခံစားနေရပါတယ် မင်းရဲ့သာယာမှုခဏတွေနဲ့ ငါကုစားခဲ့ပါတယ် ငါနားလည်ပေးမှုက ကယ်တင်ရှင်မရှိ ငါ့အတွက်အဆိပ်ခွပ်ဖြစ်သွားမှာ ငါစိုးရိမ်မှုတွေနဲ့အတူ ငါ့ခြောက်ခြားညတွေ မင်းမသိခဲ့လို့လား။ခုတော့ ငါ့မှာ မတည်ငြိမ်တဲ့အတွေးတွေနဲ့ မင်းနဲ့ဝေးရာမှာနေနေရတဲ့နေ့ရက်တွေကို ငါမုန်းနေမိတယ်။ ငါဘယ်လိုနေရမှာလည်း ချစ်သူ.....

Wednesday, 9 May 2012

National.Geographic (World Atlas) for iPad




ကမ္ဘာ့မြေပုံကို တိတိကျကျ၊ ရှင်းရှင်းလင်းလင်း၊ ပုံကြီးချဲ့ပြီး ကြည့်ချင်တဲ့ လူငယ်တွေအတွက် ဒီ App လေးကတော့ တော်တော်လေးကို ကောင်းပါတယ်…  ပိုပြီး တိတိကျကျ ကြည့်ချင်ရင်တော့ ဒီ App လေးကို ဖွင့်…  Map library ထဲက ကိုယ်ကြည့်ချင်တဲ့ အပိုင်းကို ထပ်ပြီး download လုပ်ရအုံးမှာပါ…  ရေလည်မိုက်လို့ တင်ပေးလိုက်ပါတယ်…  iTunes က၀ယ်ရင်ဈေးကြီးပါတယ်…  စိတ်ပါရင်ဆွဲထားလိုက်ပါ…  70MB လောက်ရှိလို့ စဉ်းစားပြီးမှ ဆွဲပေါ့ဗျာ…

World Atlas အားရယူရန်

သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ


NLD အမတ်များ
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC) သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

NLDလွှတ်တော်အမတ်များဖြစ်ကြတဲ့ ​ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းနဲ့ ​ဦးဖြိုးဇေယာသော် ​တို့ဟာ ​သြစတြေးလျလွှတ်တော်ကိုလဲသွားရောက်လေ့လာခွင့် ​ရ ​ကြပြီး၊ ​သြစတြေးလျဝန်ကြီးချုပ်  ​Julia ​Gillard ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​အပါအဝင် ​သြစတြေးလျနိုင်ငံက ​ဝန်ကြီးတွေ ​အတော်များများနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့ ​တဲ့အကြောင်း ​ကင်ဘာရာမြို့တော်ကိုသွားရောက်သတင်းယူနေတဲ့ ​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ ​ခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော်ကနေ ​နိုင်ငံရေးဘဝကိုပြောင်းလဲဝင်ရောက်ခဲ့တဲ့ ​NLD ​အမတ် ​ဦးဖြိုးဇေယျာသော်ကလည်း ​သြစတြေးလျနိုင်ငံမှာ ​ယခင်က ​Midnight ​Oil ​ဆိုတဲ့ ​နာမည်ကြီးဂီတအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ​အခုအခါမှာ ​လေဘာပါတီလွှတ်တော်အမတ် ​နဲ့ ​အခြေခံပညာရေးဝန်ကြီးဖြစ်လာတဲ့ ​Peter ​Garrett ​နဲ့လည်း ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။

Tuesday, 3 April 2012

DASSK - KawMhu Situation



RFA TV April 2, 2012



ခွပ်ဒေါင်းသို့တမ်းခြင်း

မဲလက်မှတ်မှာ ဖယောင်းခြစ်
စွပ်စွဲချက် အသစ် ..
ဖြစ်ပျက်ပုံတွေ လေ့လာပါ
နိုင်ငံတကာလည်းပါ
ဟုတ်နိုင် မဟုတ်နိုင်
စဉ်းစားတွေး ပါတီနိုင်ငံရေး
ကောက်ရိုးမီးပမာ
မဖြစ်ချင်တာ ပြည်သူစေတနာ
ပြောတဲ့အတိုင်း တကယ်လုပ်
ပြည်သူတို့အလုပ်
လုပ်ဖော်ကိုင်ဖက် အချင်းချင်းဟာ
ညီညွတ်သင့်ပေတာ
ပြည်ပနိုင်ငံအားမပေး
ကိုယ်ကြိုးစွန့်နိုင်ရေး.....။


by: ရဲရဲ